ကော့ကရိတ်ခရိုင်ပြန်ဆက်ရုံး၌မသန်စွမ်းဆိုင်ရာအသိပညာ​ပေးနံရံကပ်စာ​စောင်ပြသ

ကော့ကရိတ်အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံးတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အချက် အလက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မသန်စွမ်းသူ အခွင့်အရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မသန်စွမ်းသူ အမျိုးအစားများ၊ မသန်စွမ်းသူများ၏ အခွင့်အရေး ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အလမ်းများ၊ မသန်စွမ်းသူများအခွင့်အရေး ဥပဒေများ၊ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်​ပေးခြင်းလုပ်ငန်းများ၊ အသက်​မွေးဝမ်း​ကြောင်းအ​ထောက် အကူပြုလုပ်ငန်းများ၊ မသန်စွမ်းသူများအပေါ် ပြုမူပြောဆိုဆက်ဆံသင့်သည့် အချက်များနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံ မသန်စွမ်းသူများ၊ ဉာဏ်ရည် မသန်စွမ်းသူများနှင့်သက်ဆိုင်​သော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများအား ထည့်သွင်းပြသထား​ကြောင်းသိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)