ကလိန်အောင် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ၊ကလိန်အောင်မြို့တွင် ဩဂုတ်လ(၁)ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပြည်သူ (၁၅၀၆) ဦးကို ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ၊ကလိန်အောင် မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ပြည်သူ(၁၅၀၆)ဦးအား မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက အပူချိန် တိုင်း ပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်း၊Oxygenတိုင်းပေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ၊ ကျန်းမာရေးအခြေအနေအပေါ်မူ တည်၍ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် က အနီးကပ်ကြီးကြပ် ကာဌာန ဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
ကလိန်အောင် (ပြန်/ဆက်)