ရှမ်းရွာသစ် အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ ဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေ ရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာမ အေးဖြူရေးသားသော "ဖတ်မိသမျှတွေမျှဝေပေးဖို့"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ-၃ ဒေါ်ဇင်မိုးအေး ကလူငယ်များ အနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ် သူများအချင်းချင်း တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ဆွေးနွေး သည့်အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင် ပြောကြား ပြီး နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင်များက စာရေးဆရာမ အေးဖြူ ရေးသားသော "ဖတ်မိသမျှတွေမျှဝေပေးဖို့"စာအုပ်တွင် ပါရှိသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ်၊ လူကုန်ကူးမှုနှင့်အမျိုးသမီးငယ်တို့၏ဘဝ၊ ဘဝ အောင်မြင်ရေးနှင့် သိပ္ပံနည်းပညာ ဖြစ်ရပ်ဆန်းများခေါင်းစဉ်တွင် ပါရှိသည့် အကြောင်းအရာများကို အပြန် အလှန်အကျဉ်းချုပ် ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ် (ပြန်/ဆက်)