မေတ္တာမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံကြသည့် ပြည်သူများ၏ ရင်တွင်းစကားသံများ

မေတ္တာ အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ထားဝယ်မြို့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက အောက်တိုဘာလ ၁၁ရက်နေ့နံနက်(၁၀)နာရီအချိန်က မေတ္တာမြို့၊ မိုးလုံလေ လုံခန်းမ၌ ထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေးလာ ရောက်ထိုးနှံသည့်ပြည်သူများ၏ ရင်တွင်း စကားသံများကိုဖော်ပြပေးလိုက်ရပါသည်။

 

ဒေါ်ဘီဘီ ၊အသက် (၅၄)နှစ် ၊ဟိန္ဒါးကျေးရွာ၊မေတ္တာမြို့။

  

ကျွန်မကတော့ ဒေါ်ဘီဘီပါ။အသက်ကတော့(၅၄)နှစ်ပါ။ ဟိန္ဒါးကျေးရွာမှာနေပါတယ် ။ အစကတော့ ကာကွယ်ဆေးထိုးရင် ဘာဖြစ်တယ်ညာဖြစ်တယ်ကြားရတဲ့ အသံတွေကြောင့် နည်းနည်း တော့ကြောက်နိတယ် အခုမှပထမအကြိမ်ကာကွယ်ဆေး လာထိုးရတာပါ။ ရောဂါ အခံတော့မရှိပါဘူး။ ပြီးတော့ ကာကွယ်ဆေးထိုးထားတဲ့သူဟာရောဂါ ကူးစက်ခံရရင်တောင် ပြင်းပြင်း ထန်ထန် မခံစားရဘဲ နေပြန်ကောင်း နေတာကိုမြင်ရတော့ ကျွန်မလည်းဆေးထိုးဖို့ စိတ်ပါလာတာပါ။ ဒါကြောင့်ကျွန်မလည်း ကာကွယ်ဆေး လာထိုးတာပါ။ ခုလို​ကပ် ရောဂါ ကာလမှာ ကာကွယ်ဆေးထိုးလို့ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိ သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

 

ဦးမျိုးနှစ်ဦးအသက် (၃၉)နှစ်၊ ရေပူဝ​ကျေးရွာ၊ဟိန္ဒါးကျေးရွာအုပ်စုမေတ္တာမြို့။

ကျွန်တော်ကတော့ မျိုးနှစ်ဦးလို့ခေါ်ပါတယ်။ အသက်က(၃၉)နှစ်ပါ။ ရေပူဝကျေးရွာမှာ နေပါတယ်။ရွာကနေလာပြီး ကာကွယ် ဆေးထိုးရပေမယ့်အခက်အခဲမရှိပါဘူး။အဆင်ပြေပါတယ်။ကာကွယ်ဆေးထိုးထားရင်ကိုယ့်ကိုယ်ကိုစိတ်လုံခြုံမှုရှိတယ်လို့ခံစားရပြီး ပိုပြီးစိတ်ချ ရမယ်ထင်လို့ ကာကွယ်ဆေးလာထိုးတာပါ။ ဒီကိုဗစ်ပိုးက လူကြီးလူငယ်မရွေး မထင်မှတ် ဘဲလည်း ကူးစက်ခံ ရနိုင်ပါတယ်။စည်းကမ်းတကျ နေထိုင်ကြဖို့နဲ့ ကာကွယ်ဆေးကို လူတိုင်း ထိုးနှံသင့်တယ်။လူတိုင်းကာကွယ်ဆေးထိုးထိုးကြဖို့ လည်းတိုက်တွန်းအကြံပြုချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျား။

 

တွေ့ဆုံမေးမြန်းသူ-နန်းခလိုက်(မေတ္တာ)