ပန်းတနော်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်းအောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး တာဝန်ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံတွင် အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား စုရပ်(၁၅)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ဒုတိယအကြိမ် စတင်ထိုးနှံ

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၅၅ နှစ် မှ ၆၄နှစ်အတွင်းရှိသူနှင့် ဦးစား ပေးအုပ်စုအလိုက် သတ်မှတ်ချက်နှင့်အညီ တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ စုရပ်(၁၅)နေရာ၌ ယနေ့နံနက်(၉)နာရီက လည်းကောင်း၊ ပထမအကြိမ် ထိုးနှံခြင်းကို မွန်းလွဲ(၁)နာရီတွင်လည်းကောင်း စုရပ်အလိုက် မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးစိုးလွင်နှင့်တာဝန်ရှိသူများက ဆေးထိုးနှံနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြ သည်။

ဘူးသီးတောင်မြို့နယ်အတွင်းကျေးရွာများရှိ အသက်( ၅၅)နှစ်အထက် ပြည်သူ (၇၅၀) ဦးအားပထမ အကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ရွာမ၊ သစ်ရင်း၊ ဂူနား(ဘင်္ဂါလီ) ကျေးရွာရှိ ပြည်သူ(၇၅၀)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်၉ နာရီအချိန် ရွာမကျေးရွာ စာသင်ကျောင်း ၌ စုရပ်ထားရှိကာကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရ သည်။

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းရှိ အသက် ၁၂နှစ်နှင့်အထက် အလယ်တန်း အထက်တန်းကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းနှင့် ကိုယ်ပိုင်စာသင် ကျောင်းများမှ အသက် ၁၂နှစ် နှင့် အထက်‌ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလအတွင်း စတင်ထိုးနှံ‌ ပေးသွားမည်ဖြစ်သည်။

လင်းခေးတွင် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူ ကလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ‌နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်ကော်မတီ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း အဖွဲ့သည် ယနေ့နံနက် ၇ နာရီက  “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” အသိပညာပေး လက်ကမ်း စာစောင်များကို လင်းခေးမြို့၊ မြို့မဈေး၊ ယာယီပျံကျဈေးနှင့် အများပြည်သူ သွားလာလှုပ်ရှား လျက်ရှိသော နေရာများတွင် ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

မောက်မယ်မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်း စီမံချက်ဥပဒေနှင့်အညီ ဒေသခံ တိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အားလုံး ရရှိစေရန်ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုးလွင်က ဦးဆောင်၍ ဝန်ထမ်းများတို့မှ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက စျေးဆိုင်များနှင့် မင်းလမ်းတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to