စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

 

စဉ့်ကိုင်     အောက်တိုဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူများအတွက်   ပန်းခင်း စီမံချက် ဥပဒေနှင့်အညီ ဒေသခံပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ အားလုံး ရရှိစေ ရန်ရည်ရွယ်၍ ပန်းခင်းစီမံချက်  အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီက ရန်ကုန်-မန္တလေး  ကားလမ်းဘေးရှိ မီးပွိုင့်လမ်းဆုံ နှင့်ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး သည့် စုရပ်နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  စဉ့်ကိုင်မြို့နယ်   ဦးစီးမှူးရုံးမှ  ဦးစီးမှူး   ဦးတင်မောင်လွင်နှင့်   ဝန်ထမ်းများ ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူးများ  ပူးပေါင်းပြီး  ရန်ကုန်-  မန္တလေး ကားလမ်း ဘေးရှိ   မီးပွိုင့်လမ်းဆုံနှင့် ကိုဗစ် -၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိသည့် စဉ့်ကိုင် မြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပလိပ်တိုက်နယ်ဆေးရုံးတို့တွင်  ပြည်သူများကိုင်ဆောင် သင့်သည့်ကတ်ပြား  တစ်မျိုးမျိုးရရှိရေး   ပန်းခင်းစီမံချက်ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်သွား မည့်လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ  အသိပညာ​ပေးလက်ကမ်းစာစောင်  အစောင်ရေ  (၁၀၀၀) ကို   ဖြန့်ဝေခဲ့ရာ  နိုင်ငံသားကတ်မှတ်ပုံတင်ရရှိခြင်းဖြင့်  မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင် ရရှိရေး၊ သွားလာရေး၊ ပညာရေးစသည့်  လူမှုစီးပွားရေးဘဝ   မြင့်တင်နိုင်မှာဖြစ်ပြီး   ပန်းခင်း စီမံချက်ကာလမှာ  (၃−၅−၂၀၂၁)  မှ  (၃−၁၁−၂၀၂၂)ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်)