ကျွန်းစုမြို့တွင်၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့် တင်ဒါ ရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လအထိ ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်းကို ယနေ့ နံနက်(၁၀) နာရီ အချိန်က မြို့နယ် စည်/ပင် ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ‌ညောင်ပင်လှကျေးရွာရှိ ဒေသခံပြည်သူ များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များနေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့ နံနက်(၁၂) နာရီအချိန်က တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများက ညောင်ပင်လှကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များနေ့ချင်းပြီး ကွင်းဆင်းဆောင် ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့တွင် EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာ လက်တွေ့ပြုလုပ်နည်း သရုပ်ပြပွဲကျင်းပ

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ အမှတ်(၃)ရပ်ကွက် တောင်သူ ဦးသိန်းဝင်း၏ ဦးပိုင် အမှတ် (၈၉/၁) ၊ ကွင်းအမှတ်(၂၆၂) စိုက်ကွင်းတွင် အောက်တိုဘာ ၁၂ နံနက် ၈ နာရီအချိန်က EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာ လက်တွေ့ပြုလုပ်နည်း သရုပ်ပြပွဲကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့တွင်မြို့နယ်စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၂၀၂၁၂၀၂၂ဘဏ္ဍာရေးနှစ် (၆)လဒေသန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရေး ကော်မတီ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆)လတာ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်ကကြံခင်းမြို့ ဧရာဦး ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်အစိုးရရဲ့ စီစဉ်မှုဖြင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို အိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းတို့အား တွေ့ဆုံမေးမြန်း

နိုင်ငံတော်အစိုးရရဲ့ စီစဉ်မှုဖြင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို အိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းတို့အား တွေ့ဆုံမေးမြန်း

နာဂဒေသ၊ လေရှီးမြို့၌(Mask) နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိပဲ အပြင်ထွက်သွားလာသူများအား ဒဏ်ငွေဖြင့် အရေးယူဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့၌ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထွေ/အုပ်၊ ကျန်းမာရေး၊ စည်ပင်၊ လူမှုဝန်ထမ်း၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ (Mask) နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပဲ အပြင်ထွက်သွားလာသော ‌ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် ဒဏ်ငွေဖြင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးကွင်းဆင်းကြည့်ရှု၊ ပေါက်တောမြို့နယ် ကျန်းမာရေး ဝန်ထမ်းများ အား ထောက်ပံ့ချီးမြှင့်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုကြပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် အတွက် အိတ်ဖွင့်တင်ဒါရှင်းလင်းပွဲ ပြုလုပ်ခ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့်  ရေပေးရေး၊ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to