လှိုင်းဘွဲ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်းတို့မှ အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၆၆၇၄) ဦး တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း လှိုင်းဘွဲ မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း၊ အ.လ.ကကျောင်း၊ အ.လ.က(ခွဲ)ကျောင်း၊ မူလွန်ကျောင်းများပါဝင်သည့် စုစုပေါင်း အခြေခံပညာကျောင်း(၁၁၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၁) ကျောင်း၊ စုစုပေါင်း (၁၁၄) ကျောင်းမှ အသက်(၁၂)နှစ် အထက် ကျောင်းသား/သူ (၆၆၇၄) ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေး ရရှိချိန်တွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ (၅)ဖွဲ့ ဖွဲ့စည်းပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူးထံမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)