ကျောက်တော်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

ကျောက်တော်  အောက်တိုဘာ  ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင် ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရတဲ့အတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် ယခုလိုတွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါတယ်။

မေး။ မင်္ဂလာပါ ဆရာကြီးရှင့်။ ဆရာကြီးရဲ့ အမည်၊ ရာထူးနှင့်တာဝန်လေး သိပါရစေရှင့်။

ဖြေ။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ် ပညာရေးမှူး  ဦးသိန်းမြိုင်ဖြစ်ပါတယ်။

မေး။ ဆရာကြီးတို့ရဲ့ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ နိုင်ငံတော်အစီအစဉ်နဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးဖို့စီစဉ်နေတယ်လို့သိရတဲ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု တွေရယ်၊ ကျောင်း သား/ ကျောင်းသူလေးတွေရဲ့ အခြေအနေလေးတွေကိုလည်းသိပါရ စေရှင့်။

ဖြေ။ ဆရာကြီးတို့ရဲ့ ကြိုတင်ပြင်ဆင်မှုများအနေဖြင့် အခြေခံပညာကျောင်းများမှ အလယ်တန်း၊ အထက်တန်းကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူလေးတွေကို ကျန်း မာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆေးထိုးနှံပေး မှာဖြစ်တဲ့အတွက် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကို ကြိုတင်ဆောင်ရွက်ထား ရှိပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှ့တဲ့အခါမှာလည်း မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘများနှင့် ပညာရေးဝန်ထမ်း များအားလုံး ပူးပေါင်းပါဝင်ပြီး ကျောင်းများရှိကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးချင်စိတ်ရှိလာ အောင်စည်းရုံးတိုက် တွန်းပေးဖို့ ကျောင်းအုပ်ဆရာ/ဆရာမကြီးများအား မှာကြားထားပြီးဖြစ်ပါ တယ်။

မေး။ ကျောက်တော်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမယ့် အခြေခံပညာကျောင်း အရေအတွက်နဲ့ကျောင်းသား/ကျောင်းသူဦးရေစာရင်းကိုလည်းသိပါရစေရှင့်။

ဖြေ။ ဆရာကြီးတို့ရဲ့ ကျောက်တော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် အခြေခံပညာကျောင်းပေါင်း(၁၀၈)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ()ကျောင်း၊ ကိုယ်ပိုင်ကျောင်း ()ကျောင်း စုစုပေါင်းကျောင်း(၁၂၂)ကျောင်းရှိပြီး အလယ်တန်းကျောင်းသား (၁၇၄၅၀)ဦး၊ အထက်တန်းအဆင့် ကျောင်းသား(၃၄၀၆)ဦး၊ စုစုပေါင်း အလယ်တန်း/အထက်တန်း အဆင့်ကာကွယ်ဆေးထိုးနှံမည်သူ စုစုပေါင်း(၂၀၈၅၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များအား ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

မေး။ ဆရာကြီးတို့အနေနဲ့ ထပ်ပြီးတော့ ကာကွယ်ဆေးထိုးနှံပေးမယ် စုရပ်နေရာလေးတွေကို လည်း သိပါရစေရှင့်။

ဖြေ။ ဆရာကြီးတို့အနေနဲ့ ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်နေရာ(၄၁)ခုဖြင့် ကျောင်းသား/ ကျောင်းသူလေးများအား စုရပ်နေရာအသီးသီး၌ ကာကွယ်ဆေးများထိုးနှံပေးသွားမှာ ဖြစ်ပါ တယ်။

မေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား/ကျောင်းသူလေးတွေကို သတ်မှတ်နေရာတွေမှာ လာရောက်ဆေးထိုးနှံဖို့ အသိပေးမှုတွေကို ဆရာကြီးအနေနဲ့ ဘယ်လို ဆောင်ရွက်ထားပါသလဲ သိပါရစေရှင့်။

ဖြေ။ ဆရာကြီးတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ကျောင်း သား/ကျောင်းသူလေးတွေကို သတ်မှတ်နေရာတွေမှာ လာရောက်ဆေးထိုးနှံ ဖို့အသိ ပေးမှုတွေကို စုရပ်ခေါင်းဆောင်များဖြစ်သည့် အလယ်တန်းနှင့်အထက်တန်း ဆရာ/ဆရာမကြီးများက မိမိတို့စု ရပ်နေရာများတွင် ပါဝင်သော အခြေခံပညာကျောင်းများကို ဖုန်းဖြင့်အကြောင်းကြားခြင်း၊ Viber Group များတွင် ဆေးထိုးရမည့် ရက်နှင့်အချိန်မှီ လာရောက်နိုင်အောင် နိူးဆော်ပေးခြင်းများ ဆောင်ရွက်ထားရှိပါတယ်။

မေး။ မကြာခင်အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရတဲ့အတွက် ကျောင်း ပြန်လည်ဖွင့်လှစ်ဖို့အတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို သိပါရစေရှင့်။

ဖြေ။ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ခွင့်ရရှိလျင် အေးချမ်းကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း/ကျောင်းပြင်သန့်ရှင်းရေး ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားနိုင်အောင် စီစဉ်ဆောင် ဆောင်ရွက်ထားရှိပါတယ်။ဆက်လက်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ပညာရေးဝန်ထမ်းများအား မိမိတာဝန်ကျရာနေရာများတွင် ရှိနိုင်စေရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိပေးပါတယ်။

မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေစေဖို့ ပူးပေါင်းပါဝင် ဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်းတွေကိုလည်း သိပါရစေရှင့်။

ဖြေ။ မြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေစေဖို့အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိမ်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့်လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေး လျက်ရှိပါတယ်။

မေး။ နောက်ဆုံးအနေနဲ့ ယခုလို အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံတွေလည်း ပြော ပြပေးပါရှင့်။

ဖြေ။ ယခုလို အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ်  ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် နိုင်ငံတော်အား အထူး ပင်ကျေးဇူးတင်ရှိပါကြောင်း၊  ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက်ကျောင်းသား/ကျောင်းသူ များ၏ ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်ကူးစက်မှုမှလည်း ကာကွယ်ပြီးဖြစ်ပါတယ်။ ကိုဗစ်ရော ဂါကူးစက်မှုနှုန်းလျော့နည်းလာစေမှာဖြစ်ပြီး "ကျန်းမာပျော်ရွှင် ရောဂါကင်းစင်"ပြီးတော့ ပညာကို လည်းအေးချမ်းစွာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

မေး။ ဆရာကြီးအနေနဲ့ အခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောကြားပေးစေချင်ပါတယ်။

ဖြေ။ ဆရာကြီးတို့အနေဖြင့် ကျောင်းသား မိဘတွေအနေနဲ့ မိမိတို့၏ အနာဂတ်မျိုးဆက် သစ်လေးတွေကို ကျန်းမာပျော်ရွှင်စွာနဲ့ ပညာသင်နိုင်စေရန်အတွက် နိုင်ငံတော်အနေဖြင့် ယခုလို ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခြင်းနှင့် မိမိပတ်ဝန်းကျင်မှာလဲ ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံ လာအောင်နှင့်ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလာမှာဖြစ်တဲ့အတွက် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ နေထိုင်သွားလာကြမယ်ဆိုရင် လုံးဝရောဂါကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုရရှိလာမှာဖြစ်ပြီးတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ပေးသော ကျန်းမာရေးဝန်ကြီးဌာနကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရှင်ပါတယ်။

ခင်မောင်ထွန်း