မုံရွာ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီမှနေ့လယ်(၁)နာရီအထိ တက္ကသိုလ်ဓမ္မာရုံတွင် ကျား(၃၆)ဦး၊ မ(၆၄)ဦး၊ ပေါင်း(၁၀၀)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၂၆)ဦး၊ မ(၁၄)ဦး၊ ပေါင်း(၄၀)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား (၆၃)ဦး၊ မ(၁၅၇)ဦး၊ ပေါင်း(၂၂၀)ဦးနှင့် အထက(၂) ဒေါနခြံရပ်ကွက်တွင် ကျား(၇၅)ဦး၊ မ(၁၀၀)ဦး၊ ပေါင်း(၁၇၅)ဦး စသည့်သတ်မှတ်နေရာ (၄)ခုတွင် ကျား(၂၀၀)ဦး၊ မ(၃၃၅)ဦး၊ ပေါင်း(၅၃၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မုံရွာမြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မုံရွာ