မာန်အောင် အောက်တိုဘာ ၁၃
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မစျေး မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်း၊ အကြံပြုခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် အလုပ်အမှုဆောင်အရာရှိ ဦးမောင်စံသိန်း၊ မြို့နယ်လျှပ်စစ်မှူး ဦးမင်းဇော်ဇော်လွင်၊ မြို့မစျေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဆွေနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့ညနေ ၃နာရီက မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများအား စစ်ဆေးသည်။
ထို့နောက် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးနှင့် မီးသတ်ကရိယာများ ထားရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများအား အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
သိန်းဖေ