ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအသုတ် ဒုတိယအကြိမ်အား ပထမနေ့တွင် စုရပ်(၅)နေရာ၌ စတင်ထိုးနှံ

ဘီးလင်း အောက်တိုဘာ ၁၃

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် အသက် ၅၅နှစ်မှ ၆၄နှစ်အတွင်းရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ်၊ ဒုတိယအကြိမ်ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်အတွင်း စုရပ်()နေရာထားရှိပြီး နေ့စဉ်နံနက် နာရီမှ ညနေ နာရီအထိ  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း အသက်အရွယ်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေး လျှက်ရှိကာ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းပြီး ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးထိုးလုပ်ငန်းတွင်  ကူညီ ဆောင်ရွက်ပေးကြရာ ဘီးလင်းအောင်ဇေယျခန်းမ၊ အလူးကြီးကျေးရွာ၊ တောင်စွန်းကျေးရွာ၊ ကင်းရွာကျေးရွာနှင့် ဇုတ်သုတ်ကျေးရွာတို့ရှိ ဆေးထိုးစုရပ်များ၌  ယနေ့လာရောက်ထိုးနှံသူ ကျား(၂၀၁) ဦး၊ (၂၀၄)ဦး စုစုပေါင်း(၄၀၅)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အေးမျိုးမျိုးစံ