မောင်တော အောက်တိုဘာ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သည့် သူများအား တတိယအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့တွင်လည်း သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက်ထိုးနှံသည့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သည့် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျှက် ရှိသည်။
အဆိုပါ နိုင်ငံဝန်ထမ်းများနှင့် ဦးစားပေး အစီအစဉ်တွင်ပါဝင်သည့် သူများအား တတိယအသုတ် (ပထမ) အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူ အောက်တိုဘာ(၁၁) ရက်နေ့တွင် လူဦးရေ(၁၂၇၅)ဦး နှင့် အောက်တိုဘာ (၁၂)ရက်နေ့တွင် (၂၂၁၉)ဦး စုစုပေါင်းလူဦးရေ (၃၄၉၄)ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး