တောင်ဥက္ကလာပမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်မှုနှင့် ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း

တောင်ဥက္ကလာပ အောင်တိုဘာ ၁၃

တောင်ဥက္ကလာပမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်မှုနှင့် ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခဲ့ သည် -

မေး။    မင်္ဂလာပါ။ ဆရာမကြီး အမည်နဲ့ မြို့နယ်မှာ တာဝန်ယူရတဲ့အပိုင်းလေးတွေ သိပါရစေရှင်။

ဖြေ။ ကျွန်မကတော့‌ တောင်ဥက္ကလာပမြို့နယ်က မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်း ဖြစ်ပါတယ်။ တောင်ဥက္ကလာပ မြို့နယ် ပညာရေးနဲ့ဆိုင်တဲ့ အရေးအရာကိစ္စအားလုံးကို ဆောင်ရွက်ပေးရပါတယ်။

မေး။ တောင်ဥက္ကလာပမြို့နယ်အနေနဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဖို့ ပညာရေးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေတွေကို သိပါရစေရှင်။

ဖြေ။ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးဖို့ လမ်းညွှန်ကတည်းက ဆေးထိုးဖို့အတွက် အောက်တိုဘာလ ၁ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကျန်းမာရေးရယ်၊ ပညာရေးရယ်၊ လူမှုဝန်ထမ်းရယ်၊ Volunteer တွေ၊ ပရဟိတတွေလည်းပါတယ် အစည်းအဝေးလုပ်ခဲ့ကြပါတယ်။ အသက်(၁၂)နှစ်အထက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံတဲ့အခါမှာ အထက်တန်းအဆင့်ရယ်၊ အလယ်တန်းအဆင့်ရယ်ပဲရှိပါတယ်။ မူလတန်းမှာ မရှိပါဘူး။ ကျွန်မတို့ မြို့နယ်မှာ မူလွန်မရှိပါဘူး။ အဲ့တော့အထက်တန်းကျောင်း (၅)ကျောင်းရှိပါတယ်။ အလယ်တန်း ကျောင်း (၈)ကျောင်းရှိပါတယ်။ အဲ့ဒီ‌ ကျောင်းတွေမှာရှိတဲ့ အလယ်တန်းအဆင့်ကနေပြီးတော့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့စာရင်းကို မွေးသက္ကရာဇ်နှင့်တကွ အဖေ အမေရဲ့ အမည်နဲ့ နောက်တခါဖုန်းနံပတ်၊ ဆက်သွယ်ရန် နေရပ်လိပ်စာတွေကို‌ ရွေးထုတ်ပြီး အတန်းမှူး၊ အတန်းပိုင်တွေက‌နေ ချိတ်ဆက်ဆောင်ရွက်ပါတယ်။ ကျွန်မတို့က ပထမနေ့မှာ အ.ထ.က(၁)နဲ့ အလယ်တန်းကျောင်း(၈)ကျောင်း ပေါင်းပြီးတော့ ထိုးမယ်။ ဒုတိယနေ့မှာတော့ အထက်တန်းကျောင်(၅)ကျောင်းရယ်၊ ကိုယ်ပိုင်ကျောင်းတွေရယ်၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေရယ် ထိုးပါမယ်လို့ စီစဉ်ထားပါတယ်။

မေး။ တောင်ဥက္ကလာပမြို့နယ်အနေနဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူဦးရေ ကိုလည်း သိပါရစေ။

ဖြေ။    ကျွန်မတို့ အဲ့လိုစာရင်းတွေ ပြုစုတဲ့အခါမှာ စုစုပေါင်း(၁၅၉၆)ဦးရှိပါတယ်။

မေး။   ကျွန်မတို့မြို့နယ်အနေနဲ့ ကာကွယ်ဆေးထိုးနှံပေးသွားမည့် စုရပ်နေရာတွေကိုလည်း သိပါရ စေ။

ဖြေ။    ကျွန်မတို့ပညာရေးဌာန အနေနဲ့ကတော့ စင်တာတွေအများကြီး မခွဲချင်ဘူး။ အထက-၁ မှာပဲ စင်တာတစ်ခုလည်း ရတယ်။ နှစ်ခုလည်းရတယ်။ အစည်းအဝေးမှာပဲ ညှိနှိုင်းပြီးတော့ ကျွန်မတို့က ဆေးထိုးစင်တာအနေနဲ့ အထက-၁ မှာပဲ သတ်မှတ်ခဲ့ကြတယ်။ အဆောက်ဦကတော့ ကျွန်မတို့ ကျောင်းစာသင်ခန်းအပေါ်(၃)ခန်း၊ အောက်(၃)ခန်းအဆောင် ပုံစံတူနှစ်ဆောင်ရှိတော့ အပေါ်ထပ် (၆)ခန်း၊ အောက်ထပ်(၆)ခန်းသုံးပါမယ်။

မေး။   ဆရာမကြီးအနေနဲ့ ဖြည့်စွက်ပြောပေးချင်တာများရှိရင် ထပ်မံပြောကြားပေးစေလိုပါတယ် ရှင်။

ဖြေ။    ကျွန်မတို့မြို့နယ်အနေနဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးတဲ့အခါမှာ ပထမနေ့၊ ဒုတိယနေ့ နှစ်ရက်ထိုးဖို့ စီစဉ်ထားပါတယ်။ ထက်၊ လယ်ကျောင်အုပ်များနဲ့ ကိုယ်ပိုင်ကျောင်း၊ ဘ/ကကျောင်းတွေကို အချိန်နဲ့တစ်ပြေးညီ အစီအစဉ်တွေကိုလည်း ပြောထားပြီးတဲ့အတွက် အခက် အခဲတော့ မရှိနိုင်ပါဘူး။ ကျွန်မတို့ရဲ့ တိုင်း၊ ခရိုင် ပညာကလည်း အဆင့်ဆင့် ညွှန်ကြားပံ့ပိုးပေးတဲ့အတွက်ရယ်၊ မြိုနယ် ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုတို့ကြောင့် ဒီလုပ်ငန်းဟာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မယ်လို့ ယုံကြည်ပါ တယ်။ ဒီလိုဆေးထိုးပြီးမှလည်း ကျွန်မတို့ကျောင်းတွေဖွင့်ပြီးတော့ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စာသင်နိုင်မယ်ပေါ့။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ပညာရေးကိုတော့ ဒီလိုပဲမြှင့်ရပါမယ်။ ဘယ်လိုအခက်အခဲပဲရှိရှိ ကျွန်မတို့တစ်တွေ ကတော့ တစ်စိုက်မတ်မတ် ကြိုးစားပြီးတော့ ဆောင်ရွက် သွားပါမယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာမကြီး။

ခင်ဆွေနှင်း