မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့် စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

မြဝတီ အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ စကော ကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ် ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့သည်။

ထို့သို့  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘ နေအိမ်ပြင်ပ မထွက်ရန်၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ် ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့် အချက်များ ပါဝင်သည်။   

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုကို မြဝတီခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ် အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)