သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၆ ဦး ဆေးရုံဆင်းခွင့်ရရှိ၍ ၉၀၁ ဦးထိရှိ

သာစည်  အောက်တိုဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျန်းမာရေးမကောင်းသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံ ကြီးတွင် လာရောက်ပြသသူများ အား RDT Test Kit ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၁ ဦး ထပ်မံ‌တွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများထဲမှ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆ ဦးရှိခြင်းကြောင့် ဆင်းခွင့်ရရှိသူ  ၉၀၁ ဦး ထိရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာသစ်မှာ ဥသျှစ်ကုန်းကျေးရွာမှ အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ပိုးတွေ့ရှိသူ လူနာအား မြို့နယ်ပြည်သူ့ဆေးရုံကြီး Positive ကုသဆောင်တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်၍ ဆင်းခွင့်ရရှိသူ ၆ ဦးအား ဆေးရုံမှဆင်းခွင့်ပြုလက်မှတ်ထုတ်ပေး၍ နေအိမ်သို့ ပြန်ခွင့်ပြုကာ အသွားအလာကန့်သတ်၍ မိမိနေအိမ်တွင် Home Quarantine (၇)ရက် အဖြစ် သီးခြားနေထိုင်ကြရန် အသိပေး မှာ ကြားထားကြောင်း သိရသည်။

 

သာစည်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၁ ဦး ထပ်မံတွေ့ရှိခဲ့ရာ ပိုးတွေ့ရှိသူပေါင်း ၉၈၃ ဦး၊ ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်၍ ဆင်းခွင့်ရရှိ‌သူပေါင်း ၉၀၁ ဦး၊ ဆေးကုသမှု ခံယူနေသူ ၂၃ ဦးနှင့် သေဆုံးသူ ၅၉ ဦး ထိ ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)