ညောင်တုန်းမြို့နယ်တွင်အသက်၁၂နှစ်အထက်ကျောင်းသား၊ကျောင်းသူများအားကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးညှိနှိုင်းဆွေးနွေး

ညောင်တုန်း အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း အသက် ၁၂ နှစ် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား/ကျောင်းသူများအား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပညာရေးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်း တွင် ညှိနှိုင်းဆွေးနွေး ကြိုတင်ပြင်ဆင်လျှက်ရှိကြောင်းသိရသည်။

မြို့နယ်အတွင်းရှိ အသက်၁၂နှစ်အထက် ကျောင်းသား/ကျောင်းသူပေါင်း (၆၈၆၆)ဦးကို ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ် ၉ခုတွင် အဖွဲ့၉ဖွဲ့ဖြင့် ကာကွယ်ဆေးများကို ထိုးနှံပေးသွားမှာဖြစ်ပြီး ကျောင်းသားစာရင်းများ ဖြည့်သွင်းဆောင်ရွက်ရေး၊ ဆေးထိုးစုရပ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေးနှင့် ဆေးထိုးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်တာဝန်ကို အထက်တန်းကျောင်းအုပ်ကြီးများအား တာဝန်ခွဲဝေ ပေးအပ်ထားကြောင်းနှင့် မြို့နယ်စီမံအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှု ကျန်းမာရေးဌာနတို့နှင့် ပေါင်းစပ်ဆောင်ရွက်လျှက်ရှိကြောင်း ပညာရေး ဌာနတာဝန်ရှိသူထံမှသိရသည်။

 

မြို့နယ်(ပြန်/ဆက်)