မိုင်းငေါ့ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ မြို့လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာနရုံးမှ မိုင်းငေါ့မြို့ အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူသောသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများကို ပန်းခင်း စီမံချက်ဖြင့် ယမန်နေ့ နံနက်(၉)နာရီအချိန်က ဟဲခမ်း ကျေးရွာအုပ်စုသို့သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များအား မြို့ လူ၀င်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလ၀ကမှူး ဦးခမ်းရီ ကပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူများ လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးအတွက် ကွင်းဆင်း ပြုလုပ် ဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဟဲခမ်းကျေးရွာအုပ်စုရှိ ကျား(၃၉) ဦး၊ မ (၃၅) ဦး စုစုပေါင်း (၇၄)ဦးနှင့် အိမ်ထောင်စုပေါင်း (၉)စု တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား များပြုလုပ် ဆောင်ရွက်ပေး ခဲ့ကြောင်း မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာနရုံးမှ တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ပြန်/ဆက်)