ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး Hand Speaker ဖြင့် အသိ ပညာပေးနှိုးဆော်

ကလိန်အောင် အောက်တိုဘာ ၁၄

 

     

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးနည်း လမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ နိုင်စေနိုင်ရန် Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ က ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင်မြို့တွင်း လမ်းဆုံလမ်းခွ နေရာများ၌အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်ရာတွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်ပြည်သူများအနေဖြင့်  မိမိတို့နေအိမ်အတွင်း၌ သာနေထိုင်ကြရန်၊ မလိုအပ်ပဲ အိမ်အပြင်မထွက်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါ ပါးစပ် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ အခြား သူများနှင့် အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းများ ရှောင်ကျဉ်ရန်၊  အရာဝတ္တုတစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းစည်းနှင့်မျက်စိတို့ကို ပွတ်တိုက်ကိုင်တွယ်ခြင်း မပြုလုပ်ကြရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရန်၊ လူစုလူဝေးရှိသည့် နေရာများသို့  မလိုအပ်ပဲ မသွားကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ကလိန်အောင်(ပြန်/ဆက်)