ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြောင်း သိကောင်းစရာအသိပညာပေး မြေစိုက်နံရံကပ် စာစောင်ပြသ

ပုံပါကျင်   အောက်တိုဘာ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြောင်း သိကောင်းစရာအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံပါကျင်မြို့ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသသည်။

အဆိုပါ အသိပညာပေးမြေစိုက်နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် မိခင်နို့ရည်နှင့် နို့တိုက်ခြင်းမှတစ်ဆင့်ကူးစက်နိုင်ခြင်းရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးသူ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ဖို့လိုအပ်ပါသလား၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးထားပြီး သူများ ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြင်းရှိ/မရှိ ၊ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်သက်သာပါက ထပ်မံကူးစက်ခံရနိုင်ပါသလား၊ ကာကွယ်ဆေးထိုးနှံခွင့်ရရှိသည်နှင့် ကာကွယ်ဆေးချက်ချင်းထိုးနှံရေးအချက် အလက်များ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးလျှင်ဖြစ်စေ ကာကွယ်ဆေးထိုးရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါခံစားနေရသူများအား အိမ်တွင်ပြုစုစောင့်ရှောက်နိုင်ရန်သိထားသင့်သည့်အဆင်၅ဆင့်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသည့်တိုင်အောင် သင်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့်မိတ်ဆွေသူငယ်ချင်းများ ကိုကာကွယ်ရန်ကာကွယ်ရေးနည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားသတ်မှတ်ထားသော အကြိမ်ရေအားလုံး ထိုးနှံမှသာ ရောဂါအားအမြင့်ဆုံး ကာကွယ်နိုင်မည့်အကြောင်းအရာများနှင့် ပုံပါကျင်မြို့ အတွင်း ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား ထည့်သွင်းပြသထားသည်။

ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက်နံရံကပ် စာစောင်ကို ရုံးရှေ့ လူစည်ကားသည့်နေရာတွင် စိုက်ထူထားရှိပြီး အများပြည်သူ အသိပညာ ဗဟုတတိုးပွား စေရေးနှင့် အများပြည်သူ သိသင့်သိထိုက်သည့် အသိပညာပေး အကြောင်းအရာများအား လစဉ် လဲလှယ်ပြသ ပေးလျက်ရှိကြောင်းသိရသည်။

သန္တာ(ပြန်/ဆက်)