ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပြည်ပမှ  ကျန်းမာရေး အထောက်အကူပစ္စည်းများ ဝင်ရောက်နိုင်ရေး အများပြည်သူ ရုံးပိတ်ရက်တွင် ဆောင်ရွက်ပေးလျက်ရှိ

ချင်းရွှေဟော်  အောက်တိုဘာ ၁၄

ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူ ပစ္စည်းများအား နယ်စပ်ဂိတ်များမှ တင်သွင်းရာတွင် အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များနှင့်အညီ မြန်ဆန်ချောမွေ့နိုင်ရေးအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နမ့်ဖာဟော် နယ်စပ်ဂိတ်မှတစ်ဆင့် ယမန်နေ့ ညနေပိုင်း အချိန်က MASK (၆၁၃၃) ဖာ၊ အား မော်တော်ယာဉ် (၃)စီးဖြင့် တင်သွင်းခဲ့သည်။

အဆိုပါ မော်တော်ယာဉ်(၃)စီးအနက် နယ်စပ်ဂိတ်မှ ထွက်ခွာပြီး ချင်းရွှေဟော်မြို့ရှိ အားလျန် ကွင်းတွင် ပစ္စည်းချိန်း တင်ဆောင်မည်ဖြစ်သည်။

၎င်းပစ္စည်းများ လွယ်ကူမြန်ဆန်စွာ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကာ အခက်အခဲ မရှိစေရေးအတွက်  ကုန်သွယ်ရေးစခန်းများမှ တာဝန်ခံများထံ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။  

စည်သူမောင်မောင်