ပင်းတယမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ ပင်းတယမြို့နယ်အတွင်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့၌ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား /သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

ကရင်ပြည်နယ် မြဝတီမြို့၌ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆိုင်း ဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြု လုပ်စိုက်ထူခဲ့ကြသည်။

ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ဒုတိယအကြိမ်) ထိုးနှံခြင်းနှင့် ကျန်းမာရေး အသိပညာပေးဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ဒုတိယအကြိမ်) ထိုးနှံခြင်းအားဘုရားသူံးဆူမြို့အ.ထ.ကကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

အသက်(၁၂)နှစ်နှင်အထက် ကျောင်းနေအရွယ်ကလေးငယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းနေအရွယ်ကလေးငယ် အားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးစီစဉ်ဆောင်ရွက် ထားရှိမှုများနှင့်ပတ်သက်၍ ကျောက်ပန်းတောင်း မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်မော်မော် အား၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က အခုလို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်-

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးရန်ကျန်ရှိသူ (၂၁၈၉၃)ဦးတို့အား ဆက်လက် ထိုးနှံပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်က မဟာလောကသီရိဘုရားကြီးတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ၁ ဦးထပ်မံတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ မင်းစုရပ်ကွက်မှ မ(၁)ဦးတို့သည် ဖျားနာပြီးအနံ့မရသဖြင့် COVID-19 ရောဂါသံသယရှိသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံ၌ RDTKit ဖြင့်စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။

နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပေးနှိုးဆော်

နွားထိုးကြီးမို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉နာရီက ပြင်စည် ကျေးရွာရှိ လမ်းဆုံလမ်းခွများနှင့်လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့သည်။

ဟိုပုံးမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်အတွင်းရှိ မိုးရာသီစိုက်ပျိုးသီးနှံ (၁၀၇၆၀)ဧကအတွက် စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ရာနှုန်းပြည့် ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းက မိုးသီးနှံစိုက်တောင်သူများအား ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပခုက္ကူခရိုင်ဘဏ်ခွဲ ထုတ်ချေးပေးလျက်ရှိရာ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ကျေးရွာအုပ်စု(၂၀)အုပ်စုမှ တောင်သူဦးရေ (၁၅၀၈)ဦးတို့၏ မိုးစပါး (၆၂၄)ဧကနှင့် အခြားသီးနှံ(၁၀၁၃၆)ဧက၊ စုစုပေါင်းမိုးရာသီ စိုက်ပျိုးသီးနှံ (၁၀၇၆၀) ဧကအတွက်‌ ဘဏ်ချေးငွေကျပ် ၁၁၀၇ဒသမ ၂၀သန်း ထုတ်ချေးပြီး ဖြစ်သောကြောင့် ယခုအခါရာနှုန်းပြည့်ထုတ်ချေးပြီးစီးကြောင်းသိရသည်။

ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး ထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(mask)အခမဲ့ဖြန့်‌ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား /ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံရေးအသိပညာ ပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) အခမဲ့ဖြန့်‌ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကားဂိတ်နှင့် မြို့နယ်ရုံး ရှေ့တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to