တွံတေးနယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ၍ လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် “ကာကွယ်ဆေးဖြင့် လွှမ်းခြုံ အပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက လွတ်လပ်ရေးကျောက်တိုင်း မီးပွိုင့် လမ်းဆုံနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက် ၁၂ နှစ်နှင့်အထက် အသက် ၁၈ နှစ်အောက် ကလေးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခြင်း

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်း အသက် ၁၂ နှစ်နှင့်အထက် အသက် ၁၈ နှစ်အောက် ကလေးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နှင့်ပတ်သက်ပြီး မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအုပ်စိုးနှင့် မြင်းခြံခရိုင် ပညာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းလှိုင် တို့အား ယခုလို တွေ့ဆုံမေးမြန်းထားပါ သည်။

သံတွဲမြို့နယ်နှင့် ငပလီမြို့တွင် စက်သုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် ငပလီမြို့တို့တွင် စက်သုံးများအဆမတန် ဈေးတက်လာမှု ကြောင့် အသေးစား၊ အလတ်စားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းအချို့ လည်ပတ်နိုင်မှုမရှိဘဲ ရပ်နားထားရသည့် လုပ်ငန်းများရှိနေပြီး သုံးဘီဆိုင်ကယ် အငှါးယာဉ်မောင်နှင်နေသူများ အနေဖြင့် ယာဉ်စီးခနှုန်းထားများကို သတ်မှတ်နှုန်းထားထက် တိုးမြင့်ကောက်ခံလျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် သက်သာသော စျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များကို‌ ဈေးကားများဖြင့် လှည့်လည်ရောင်းချ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေ ချောမွေ့စေရန်နှင့် အဓိက စားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥစားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချခြင်းကို ယနေ့ နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်း၊ နန္ဒဝန်ဈေးရှေ့ တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ အစီအစဉ်ဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ဝန်ထမ်းများ ပူးပေါင်း၍ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ခန္တီးမြို့၌ ကျောင်းနေအရွယ် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ ယနေ့နံနက် ၉ နာရီအချိန်က ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာ‌စေရန်၊ ကာကွယ်ဆေးလွှမ်းခြုံမှု အလျှင်အမြန်ရရှိစေရန်နှင့် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်ရည်ရွယ်၍ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ပိုစတာဗီနိုင်း ဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနိုင်ရေး မိဘအုပ်ထိန်းသူ များနှင့်တွေ့ဆုံဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် မိဘအုပ်ထိန်း သူများနှင့် တွေ့ဆုံဆွေးခြင်းကို ယနေ့နံနက်ပိုင်းက အထက(၅)ညောင်ရမ်းတောင် ကျောင်း ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပ ြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော အားကစားဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော အားကစားဖွံ့ဖြိုးတိုးတက်စေ ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နေ့လည်(၁၃:၀၀)နာရီအချိန်က လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ကျင်းပ သည်။

သာယာဝတီမြို့တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာများ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ သိရှိနိုင်ရန် အသိပေးကြညာချက် များကို ယနေ့ နံနက်က မြို့နယ်ဂရုဏာသွေးလှူရှင် အသင်းမှ မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နမ္မတူတွင် အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၈)နာရီခွဲအချိန်ခန့်ကစတင်ကာ အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက် ရှိသည်။
Subscribe to