မိုးကောင်းမြို့နယ် ကိုဗစ်ကပ်ရောဂါဖြစ်ပွါးနေသည့်ကာလအတွင်း ကွယ်လွန်သွားကြသူများအား ရည်စူး၍ ကုသိုလ်ကောင်းမှုအစုစုတို့အား အမျှပေးဝေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွါးနေသည့်ကာလ အတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၅ ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့ထိ ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ၉၆ ပါး ရောဂါတို့ဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ကြသူများအား ရည်စူး၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူးပြုလုပ်သော ကုသိုလ်ကောင်းမှုအစုစုတို့အား အမျှပေးဝေခြင်း အခမ်းအနားကို အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီတွင် အေးငြိမ်းရာရင်ပြင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံမေးမြန်းခြင်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နဲ့တွေ့ဆုံပြီး မေးမြန်းသွားမှာဖြစ်ပါတယ်ရှင်။

ငရုတ်ကောင်းမြို့ပေါ်ရှိ ဘုရား၊ စေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှတ်(၁)ရပ်ကွက် ဓမ္မဝိဟာရကျောင်းတိုက်အတွင်းရှိ စေတီပုထိုးနှင့် ဓမ္မိကာရုံကျောင်းတိုက်ရှိ စေတီပုထိုးတို့၏ ရင်ပြင်တော်တို့တွင် ယမန်နေ့ ညနေ ၃ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

မိုင်းဆတ်မြို့၌ အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၁၉၃၂) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန်လျာထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စီစဉ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ မြေစိုက်ပိုစတာများ စိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အသိပေးမြေစိုက် ပိုစတာများစိုက်ထူခြင်းကို ယနေ့ နံနက် ၉နာရီက မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာ အထက်တန်းကျောင်းဝန်းရှေ့တွင် စိုက်ထူးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Woman Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက Woman Club အသင်းဝင်များဖြင့် စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း သဘာဝဘေးဖြစ်ပွားမှု (၁၂)ကြိမ် ထောက်ပံ့နိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်တွင်း၌ သဘာဝဘေးကြုံတွေ့ ခံစားရမှုများအား ထောက်ပံ့လျက်ရှိရာ ယခုနှစ်၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဘေးဖြစ်ပွားမှု (၁၂)ကြိမ်အား ထောက်ပံ့နိုင်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ်တွင် လူ၀န်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးမှ ပန်းကင်းစီမံချက်ဖြင့် ပြုလုပ်ပေး ခဲ့သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီက ဧရာသီရိသုခ ခန်းမ၌ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်နှင့် ရောဂါ ကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီး ပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးတွင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးမှ ဝန်ထမ်း များအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုး အစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
Subscribe to