ပင်းတယမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ

ပင်းတယ     အောက်တိုဘာ ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ ပင်းတယမြို့နယ်အတွင်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  ပင်းတယမြို့နယ်အတွင်းရှိ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ခဲ့ရာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များက ပင်းတယမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၁၁)အုပ်စုမှ  အိမ်ထောင်စု လူဦးရေစာရင်း (၆၂၄) စုနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၁၂၆၄) ကတ်တို့အား အသီးသီးပေးအပ်ခဲ့ရာ      သက်ဆိုင်ရာ  ရပ်ကွက်/ ကျေးရွာတာဝန်ရှိသူများက လက်ခံရယူပြီး သရက်ကုန်းကျေးရွာအုပ်စု၊  ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်အောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

ပင်းတယမြို့နယ်တွင် ပန်းခင်းစီမံချက်လုပ်ငန်း ဆောင်ရွက်ခြင်းအား(၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပင်းတယမြို့နယ်အတွင် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ဆောင်ရွက်ပေးရမည့် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဦးရေမှာ (၅၄၄၉)ဦးဖြစ်၍ ကျန်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စုများကိုလည်း ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်းတယ (ဒေသ ပြန်/ ဆက်)