ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး ထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(mask)အခမဲ့ဖြန့်‌ဝေ

ညောင်တုန်း  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား /ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) အခမဲ့ဖြန့်‌ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကားဂိတ်နှင့် မြို့နယ်ရုံး ရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သည့်အခါ ကျောင်းသား/ကျောင်းသူများ ကိုယ်စိတ် ကျန်းမာစွာဖြင့် အပူပင်မှုကင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူများကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ပေးသည့်အခါ ကျောင်းသား/ကျောင်းသူများအနေဖြင့်  မပျက်မကွက် လာရောက် ထိုးနှံပေးကြရန်၊ မိဘအုပ်ထိန်းသူများမှလည်း မိမိတို့၏သားသမီးများ ကာကွယ်ဆေး လာရောက် ထိုးနှံစေရေး ကြပ်မတ်စေလွှတ်ပေးရန်၊ အချို့လူငယ်များမှာ ပင်ကိုယ်စိတ်တွင် ဆေးထိုးခြင်းကို ကြောက်လန့်တတ်ကြသဖြင့် လိုအပ်ပါက မိဘများက လိုက်ပါစောင့်ကြပ်ပြီး ကာကွယ် ဆေးထိုးနှံကြပါရန် အသိပညာပေးနှိုး‌ဆော်ခြင်းများ ဆောင်ရွက်ပြီး နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)