ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ရှိသူ များနှင့် ဆေးထိုးရန်ကျန်ရှိသည့်ပြည်သူများအား ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ရှိသူများနှင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့်ပြည်သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် အဆိုပါကာကွယ်ဆေးအား ဆက် လက်ထိုးနှံပေးလျှက်ရှိသည်။

ဇေယျာသီရိမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် သိသင့်သည့်အချက်များလိုက်လံအသိပေးနှိုးဆော်

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသားကျောင်းသူများအား    ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် သိသင့်သည့် အချက်များ လိုက်လံအသိပေးနှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြတောင်တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက မြတောင်တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု (ဒုတိယအကြိမ်) ကွင်းဆင်းဆောင် ရွက်ခဲ့သည်။

ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္တနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမစုရပ်၌ အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ ညနေ(၃) နာရီအချိန်ထိ အမှတ်(၂)ရပ်ကွက်၊ ကျင်းကြီးကျေးရွာအုပ်စု၊ ကံ့ကော်တောင်ကျေးရွာအုပ်စု၊ ကိုင်းခုံကျေး ရွာအုပ်စု၊ ကုလားပြင်ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

မိုင်းငေါ့မြို့တွင် Online စနစ်ဖြင့် လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေး Talk Show ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် Online စနင်ဖြင့် လူငယ်နှင့် စာဖတ်ခြင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀) နာရီအချိန်ခန့်က လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့နယ်အတွင်းရှိ အသက်(၅၅) နှစ်နှင့်အထက်ပြည်သူများ၊ မသန်းစွမ်းသူများနှင့် ဦးတည်အုပ်စု တွင်ပါဝင်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

စစ်တွေမြို့နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်မယ်သီလရှင်များ၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် မသန်စွမ်းသူများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင် များ၊ စေတနာ့ဝန်ထမ်း(Volunteers)များနှင့် ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မြဝတီမြို့၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး နှံခြင်းအတွက် လှည့်လည် အသိပေးနှိုးဆော်

မြဝတီမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းအတွက် အများ ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် မြို့ အတွင်းရှိ ရပ်ကွက်များ၌ လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံရမည့် သူများနှင့် ကာကွယ်ဆေးလုံးဝထိုးနှံရခြင်း မရှိသေးသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌ အသက် ၁၈ နှစ်ပြည့် ပြီးသူများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးလုံးများ ထပ်မံရောက်ရှိလာပြီဖြစ်သဖြင့် ဒုတိယအသုတ် ဒုတိယအကြိမ် ထပ်မံထိုးနှံရမည့်သူများနှင့် လုံးဝထိုးနှံရခြင်းမရှိသေးသူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်သည်။
Subscribe to