မြဝတီ အောက်တိုဘာ ၁၄
ကရင်ပြည်နယ် မြဝတီမြို့၌ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆိုင်း ဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြု လုပ်စိုက်ထူခဲ့ကြသည်။
ထို့သို့အသိပညာပေးဆိုင်းဘုတ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ပျော်ရွှင် ကျန်းမာစွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့၊ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့၊ ကာကွယ်ဆေးထိုးနှံပေးခြင်း မပြုသည့် အသက်(၁၂) နှစ် မပြည့် သေးသူများနှင့်လတ်တလော ဖျားနာနေသော ကျောင်းသား/ သူများများနှင့်ပတ်သက်၍ အသိပညာ ပေးဖော်ပြပါရှိ သည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးဖြူနှင့် ဌာနဆိုင်ရာများက အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်