နွားထိုးကြီး အောက်တိုဘာ ၁၄
နွားထိုးကြီးမို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉နာရီက ပြင်စည် ကျေးရွာရှိ လမ်းဆုံလမ်းခွများနှင့်လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ချက်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ ကာကွယ်ပါ ဟူသည့်ဆောင်ပုဒ်နှင့်အညီ နေအိမ်ပြင်ပထွက်လျှင်မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင် ကြစေရေး၊ လူစုလူဝေးရှောင်စေရေး၊ လက်ကိုစက္ကန့်(၂၀)ကြာမကြာ ခဏစနစ်တကျ ဆေးကြောကြ စေရေး၊ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်မထားသော ဈေးရောင်းသူ များထံမှ ဈေးမဝယ်ကြစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေးသတိပေးကြ စေရေး၊ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရေးနှင့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ချက်ချင်း ဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကုသ စေရေးစသည့် အချက်များ အားပြည်သူများသိစေရန်အသိပေး လိုက်လံနှိုးဆော်ပေး ခဲ့ပြီး ပါးစပ်နှာခေါင်းစည်း Mask များနှင့် Handgel များဝေငှပေးခဲ့ကြောင်းသိရ သည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခြင်း လုပ်ငန်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာန တို့ပူးပေါင်း ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်