ပခုက္ကူမြို့နယ်အတွင်းရှိ မိုးရာသီစိုက်ပျိုးသီးနှံ (၁၀၇၆၀)ဧကအတွက် စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ရာနှုန်းပြည့် ထုတ်ချေးပြီးစီး

ပခုက္ကူ အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းက မိုးသီးနှံစိုက်တောင်သူများအား ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပခုက္ကူခရိုင်ဘဏ်ခွဲ ထုတ်ချေးပေးလျက်ရှိရာ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ကျေးရွာအုပ်စု(၂၀)အုပ်စုမှ တောင်သူဦးရေ (၁၅၀၈)ဦးတို့၏ မိုးစပါး (၆၂၄)ဧကနှင့် အခြားသီးနှံ(၁၀၁၃၆)ဧက၊ စုစုပေါင်းမိုးရာသီ စိုက်ပျိုးသီးနှံ (၁၀၇၆၀) ဧကအတွက်ဘဏ်ချေးငွေကျပ် ၁၁၀၇ဒသမ ၂၀သန်း ထုတ်ချေးပြီး ဖြစ်သောကြောင့် ယခုအခါရာနှုန်းပြည့်ထုတ်ချေးပြီးစီးကြောင်းသိရသည်။ 

၂၀၂၀ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေပြေကျေပြီးသည့် တောင်သူများအား ၂၀၂၁ခုနှစ်၊ မိုးစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်း တို့ဖြင့် ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှ တောင်သူ(၆၅)ဦး၏ မိုးရာသီ စိုက်ပျိုးသီးနှံ (၅၂၇)ဧကအတွက် စိုက်ပျိုး စရိတ်ချေးငွေကျပ်သန်းပေါင်း ၅၂ဒသမ၇၀သန်းအား အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ ပခုက္ကူ မြို့နယ်အတွင်း ကျေးရွာအုပ်စု (၂၀)အုပ်စုမှ တောင်သူဦးရေ(၁၅၀၈)ဦးတို့၏ မိုးစပါး(၆၂၄)ဧက နှင့် မြေပဲ (၂၀၂၆)ဧက၊နှမ်း()ဧက၊ပဲတီစိမ်း(၆၈၈၄)ဧက၊ ပဲစဉ်းငုံ(၂၇၉)ဧက၊ နှံစားပြောင်း (၉၃၈)ဧက စသည့် အခြားသီးနှံ(၁၀၁၃၆)ဧက၊ စုစုပေါင်းမိုးရာသီ စိုက်ပျိုးသီးနှံ (၁၀၇၆၀) ဧကတို့အတွက်ဘဏ်ချေးငွေစုစုပေါင်းငွေကျပ် ၁၁၀၇ ဒသမ၂၀သန်းအား ထုတ်ချေး ပေးပြီးဖြစ်ရာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ရာနှုန်းပြည့်ထုတ်ချေး ပြီးစီးပြီဖြစ်ကြောင်း၊ ဘဏ်ချေးငွေ အတိုးနှုန်းမှာ ငွေကျပ် ၁၀၀အတွက် တစ်နှစ်လျှင်ငါးရာခိုင်နှုန်းဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်၊ ပခုက္ကူခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်သီတာထွန်းက ပြောသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)