ထီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)ပြည့်ပြီးသူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက ထီးလင်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

ရှမ်းရွာသစ်မြို့ မဲလရောကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခဲ့ပြုလုပ်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဒေသခံပြည်သူများအား "လူနေမှုဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မဲလရောကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် ဇလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းတွင် ဂတ်စ်ငွေ့သယ်ဆောင်လာသည့် (၂၂)ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဇလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ်(၃၆၅/၇)နှင့်(၃၆၆)ကြားတွင် ဂတ်စ်ငွေ့သယ်ဆောင်လာသည့် FUSO အမျိုးအစား (၂၂)ဘီးကားတစ်စီး ယနေ့နံနက်(၈)နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကျုံပျော်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၄၇၀၀၀‌ ဦးခန့်ရှိပြီး၊ ကာကွယ်ဆေးများလည်း ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၄၇၀၀၀ ဦးခန့်ရှိပြီး၊ သတ်မှတ်ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများလည်း ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး ဝန်ထမ်းများအားတွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကယ်ဆယ်ရေး ပစ္စည်းနှင့် အထောက်အကူ ပြုပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အောက်ဆီဂျင်ထုတ်စက် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အောက်ဆီဂျင်ထုတ်စက် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၈ နာရီက ကုမ္ပဏီပိုင် မော်တော်ယာဉ်ဖြင့် သယ်ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။

အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့် တွေ့ဆုံမေးမြန်း

တာချီလိတ်ခရိုင်၊ အခြေခံပညာအထက်တန်းကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တွေ့ဆုံမေးမြန်းမှု အစီအစဉ်

တောင်ငူ၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအ​ကြိမ် ထိုးနှံမည့်သူများအား ဦးစားပေးအုပ်စုအလိုက် ဆေးထိုးစုရပ်နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ပင်းတယမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ ပင်းတယမြို့နယ်အတွင်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့၌ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား /သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

ကရင်ပြည်နယ် မြဝတီမြို့၌ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆိုင်း ဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြု လုပ်စိုက်ထူခဲ့ကြသည်။
Subscribe to