တောင်သာ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ မင်းစုရပ်ကွက်မှ မ(၁)ဦးတို့သည် ဖျားနာပြီးအနံ့မရသဖြင့် COVID-19 ရောဂါသံသယရှိသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံ၌ RDTKit ဖြင့်စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာ(၁)ဦးအားတောင်သာမြို့ပြည်သူ့ဆေးရုံ၊ မင်းစု(အထက)၊ မြို့နယ်အာကာခန်းမ၊ ရုံးစည်ကြီးတိုက်နယ်ဆေးရုံ၊ ကျောဇီတိုက်နယ်ဆေးရုံများ သီးသန့် ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ တောင်သာမြို့တွင် COVID-19 ရောဂါ ပိုးတွေ့လူနာစုစုပေါင်း(၁၇၃၈)ဦးရှိပြီး ဆေးရုံဆင်းသူ(၁၅၁၅)ဦး နှင့်သေဆုံးသူ (၅၇)ဦးရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)