ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ဒုတိယအကြိမ်) ထိုးနှံခြင်းနှင့် ကျန်းမာရေး အသိပညာပေးဆောင်ရွက်

ဘုရားသုံးဆူ အောက်တိုဘာ ၁၄

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ဒုတိယအကြိမ်) ထိုးနှံခြင်းအားဘုရားသူံးဆူမြို့အ.ထ.ကကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအားသက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူများက စနစ်တကျ ပြုလုပ်ဆောင်ရွက်ပြီး ကာကွယ်ဆေးနှင့်ပတ်သက်သည့် အသိပညာများ အားရှင်းလင်း ပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဗီဇပြောင်း လဲပုံ စသည့်အသိပညာပေးများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

 

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို(၂) ကြိမ်တိတိ ထိုးနှံရမည်ဖြစ်ပြီး ပထမအကြိမ် စက်တင်ဘာ (၁၆)ရက်နေ့ ထိုးနှံပြီးသား သူများကို ယနေ့ အောက်တိုဘာ ၁၄ရက်နေ့၌ ထပ်မံထိုးနှံ ဆောင်ရွက် ပေးလျက်ရှိပြီးကာကွယ်ဆေး ထိုးနှံပြီးသူ ဦးရေ (၅၇၅)ဦး ထိုးနှံပေးခဲ့ပြီး ဘုရားသုံးဆူမြို့အနေဖြင့် ပထမအသုတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသူဦးရေ (၁၇၀၀)ဦး ထိုးနှံ ပြီးကြောင်း သိရသည်။

 

အောင်သူဟိန်း