ဟိုပုံး အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သင်္ဂီအောင်မှ MCCT အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးလင်းကျော်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းနိုင်၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သိင်္ဂီအောင်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှူး ဒေါက်တာ စန်းလှိုင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်စွာတို့က အနောက်ရပ်ကွက်၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ မြို့ဦးရပ်ကွက်တို့မှ ကိုယ်ဝန်ဆောင် မိခင်(၁၀၈)ဦးနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်(၁၁၄)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀) နှုန်းဖြင့် ကျပ်ငွေစုစုပေါင်း(၉၉၉၉၀၀၀၀)ကျပ်ကို ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)