ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ယနေ့ ဒေသခံပြည်သူ ၁၄၉၀ ဦး လာရောက်ထိုးနှံ

ပွင့်ဖြူ  အောက်တိုဘာ   ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့မှစပြီး ဆေးထိုးစုရပ်()နေရာခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၁၄၉၀ ဦး ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ ၅၀၀၀ အား ထိုးနှံ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်း က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်() နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ (..က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ (..က)ကျောင်း၊ မဲဇလီကျေးရွာ (..က)ကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူ ၁၄၉၀ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက်  ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ရပ်ကွက်/ကျေးရွာများ အလိုက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ က အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး အောက်တိုဘာ (၁၄)ရက်နေ့မှ ယနေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၂၆၁၀ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)