မော်လမြိုင်ကျွန်း မြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အတွက်  မြေစိုက်ပိုစတာများ စိုက်ထူ

မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၅

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် နှင့် အထက်ကျောင်သား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်ချက်ဖြင့်  `ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြပါစို့´ ​ဆောင်ပုဒ်ပါ အသိပညာပေး မြေစိုက်ပိုစတာများအား မြို့နယ် လူစည်ကားရာနေရာများနှင့် အခြေခံပညာကျောင်းများရှေ့တွင် စိုက်ထူကြကြောင်း သိရှိရသည်။

အဆိုပါ မြေစိုက်ပိုစတာ စိုက်ထူခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချူပ်ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းနှင့် အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် ဌာနဆိုင်

ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ မြို့နယ်ရှိ အသက်(၁၂)နှင့်အထက် ဆေးထိုးနှံမည့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း စာရင်းအရ ဦးရေ(၁၃၇၀၈))ဦးရှိပြီး ဆေးထိုးနှံပေးမည့်စုရပ် (၄၄)နေရာတို့တွင် ကာကွယ်ဆေးထိုး အဖွဲ့(၁၃)ဖွဲ့မှ အောက်တိုဘာလ(၁၆)ရက်နေ့၊ နံနက် ၈နာရီ အချိန်တွင် စတင်ထိုးနှံ ပေးသွားမည်ဖြစ်သည်။

ထိုသို့ မြေစိုက်ပိုစတာများ စိုက်ထူခြင်းကို လူစည်ကားရာ မြို့အဝင် နေရာ၊ မဟာဗန္ဓုလ လမ်းမကြီးနှင့် (၁၁)လမ်းထိပ်၊ အထက(၁)၊ အထက(၂)၊ တောရ အလယ်တန်းကျောင်း၊ မြို့မ အလယ်တန်းကျောင်းရှေ့တို့တွင် ပိုစတာများ စိုက်ထူခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

သီတာအောင်