ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် စတင်ထိုးနှံ

ဆားလင်းကြီး  အောက်တိုဘာ   ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နက် နာရီအချိန် က စတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊  ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက နေ့စဉ်ကြီးကြပ်ပေးလျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophran) ဆေးအမျိုးအစားဖြစ်ပြီး ဆားလင်းကြီးမြို့နယ်အတွက် တတိယအသုတ် ပထမအကြိမ်အတွက် ဆေးအလုံးရေ (၆၀၀)လုံး ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူ()ဦးနှုန်း ထိုးနိုင်သောကြောင့် လူဦးရေ (၃၀၀၀)ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ရာ ပထမနေ့တွင် (၁၀၅)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရှိရသည်။

ဥမ္မာ