တောင်တွင်းကြီးမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း တောင်သူပညာပေး သရုပ်ပြပွဲကျင်းပ

တောင်တွင်းကြီး  အောက်တိုဘာ  ၁၅

မကွေးတိုင်းဒေသကြီး၊  တောင်တွင်းကြီးမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း ပညာပေးသရုပ်ပြပွဲကို ယနေ့နံနက် ()နာရီ က ခင်တဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ တောင်သူ ဦးအေးလွင် ပိုင်ဆိုင်သော ယာမြေကွက် ()ဧကအတွင်း စိုက်ပျိုးထားသည့် ဝါသီးနှံစိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဖျန်းစက်ဖြင့် ပညာပေးသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မူလယ်ယာဦးစီးဌာနအမှတ် (၇၁) စက်မူလယ်ယာစခန်း ဦးစီးအရာရှိ ဦးအောင်မိုးသူ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်ခင်မျိုးအေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ၎င်းစက်မှာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ Self Propelled Boom Sprayer ဆေးဖြန်းကိရိယာဖြင့် ဆေးရည်ဝင်ဆန့်သည့်ပမာဏ (၃၀၀) လီတာ၊ ဆေးဖျန်းနိုင်သည့်အကျယ် (20 m) ထိဖျန်းပက်နိုင်ကြောင်း၊ ယင်းစက်ဖြင့် ခင်တဲကျေးရွာအုပ်စု ကွင်းအမှတ် (၂၇၄၉) မြေချိန်ဧရိယာ () ဧကရှိ တောင်သူ ဦးအေးလွင်ပိုင်ဆိုင်သော ယာမြေကွက်အတွင်း စိုက်ပျိုးထားသော ရွှေတောင် ()အမျိုးအစား ဝါသီးနှံစိုက်ခင်းအား ဆေးဖျန်းစက်ဖြင့် တောင်သူပညာပေး ဆောင်ရွက်ခဲ့သည်။

ထိုဆေးဖျန်းစက်သည် ဘီးဗျက်ကျဉ်းမြောင်းသဖြင့် အပင်တန်းကြားများအတွင်း ထိခိုက်မှုမရှိ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း၊ ဆေးဖျန်းအကျယ် (20m)အထိ ပက်ဖျန်းနိုင်သဖြင့် အချိန် ကုန်သက်သာခြင်း၊ ဆေးဖျန်းသည့် ဖိအားကိုအားအနည်းအများလိုသလို ချိန်ညှိဖျန်းနိုင်ခြင်း၊ ဆေးအလေအလွင့်နည်းပါးခြင်း၊ လူလုပ်အားသက်သာခြင်း၊ ကုန်ကျစရိတ်နည်းပါးခြင်းတို့ကြောင့် နည်းပညာသစ် စက်ကရိယာများ အသုံးပြုလိုပါက နီးစပ်ရာ စက်မှုလယ်ယာစခန်းများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မိုးသူထံမှ သိရသည်။

နိုင်ဝင်း