ပန်ဝါ အောက်တိုဘာ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့အတွင်း အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ကာကွယ် ဆေးထိုးနှံနိုင်ရေး “ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့” အသိပညာပေး ဆိုင်းဘုတ်များကို ယနေ့ နံနက် ၉း၀၀ နာရီအချိန်ကစ၍ လူစည်ကားရာ နေရာများတွင် စိုက်ထူခဲ့ကြောင်းသိရသည်။
အဆိုပါ”ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သောအနာဂတ်ပန်းခင်းများဆီသို့”ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြပါစို့” အသိပညာပေး ဘုတ်စိုက်ထူခြင်းနှင့်“ကျောင်းနေအရွယကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” အသိပညာ ပေးလက်ကမ်းစာစောင်များကို ပန်ဝါမြို့ ဈေးနှင့် စားသောက်ဆိုင်များ၊ လူစည်ကား နေရာများ၌ လိုက်လံဖြန့်ဝေ ခဲ့ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းစဉ်များကို ပန်ဝါမြို့ အုပ်ချုပ်ရေးမှူးဦးညီညီအောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပန်ဝါမြို့ဒေသတည်ငြိမ်ဖွံ့ဖြိုးအုပ်ချုပ်ရေးကော်မတီမှုတာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးနှင့် အမျိုးသမီး ရေးရာအဖွဲ့ များ စုပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်ဝါ(ပြန်/ ဆက်)