ဒေးဒရဲ အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းစေရေးအတွက် MASK စနစ်တကျတပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာသူများအား ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ က လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွင်မှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ စုပေါင်း၍ MASK တပ်ဆင်သွားလာမှုမရှိသူများအား MASK (၂)ခုလျှင် ၅၀၀ကျပ်နှုန်းဖြင့် ယခုဝယ်၊ ယခုတပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း