နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး (Sinopharm) ပဉ္စမအသုတ် (ပထမအကြိမ်) ကာကွယ်ဆေးဆက်လက်ထိုးနှံ

နောင်ချို အောက်တိုဘာ ၁၅ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်ခန်းမ၌ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး (Sinopharm) ပဥ္စမအသုတ် (ပထမအကြိမ်) ကို ယမန်နေ့က စတင်ထိုးနှံပေးလျက်ရှိပြီး ယနေ့နံနက် (၉)နာရီအချိန်မှစ၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်‌ဆေး ပဥ္စမအသုတ် (ပထမအကြိမ်)ကို အောက်တိုဘာလ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့ထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ် ပြည်သူ့သမ္မတနိုင်မှ ထုတ်လုပ်သော  Sinopharm အမျိုးအစား ဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅) ဦးနှုန်း ထိုးနှံပေးလျက်ရှိကြောင်း၊ ပထမအကြိမ်ကာကွယ်ဆေးကို လူဦးရေ (၈၃၇၀) ဦးအား စုရပ် များ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှစာရင်းများ မှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက် သူများကို သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန် အခြေအနေရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးပြီးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့် အနားယူ စေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)