ဇေယျာသီရိ အောက်တိုဘာ ၁၅
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နေ့လယ်ပိုင်းက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီ၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့မှ ကလေး အလုပ်သမားဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ၊ ကလေး အလုပ်သမားပပျောက်ရေးက ဘာကြောင့် အရေးကြီးတာဘာလဲ၊ ဘာကြောင့်ကလေးအလုပ်သမားတွေ ရှိနေရတာလဲ၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေများအကြောင်း၊ ကလေးအလုပ်သမားတွေ ကို အလုပ်ခိုင်းစေတဲ့အခါ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့်သလဲ၊ အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခံရတဲ့ကလေးတွေကို အကာ အကွယ်ပေးထားတဲ့ ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမားတွေလျော့ချဖို့ ဆောင်ရွက်သင့်တဲ့ နည်းလမ်းများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မြစန်းရီ