ငွေဆောင် အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့်ပြည်သူများအားထိုးနှံပေးလျှက်ရှိရာ ယနေ့နံနက် ၈ နာရီက အ.ထ.ကငွေဆောင်ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ပြည်သူများကို ကျန်းမာရေး ၀န်ထမ်း များက အပူချိန် တိုင်း ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ Oxygen တိုင်းပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ကျန်းမာရေး အခြေအနေ အပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။
ငွေဆောင်မြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစားကိုတတိယအသုတ် (ပထအကြိမ်) အဖြစ်စက်တင်ဘာလ (၁၆) ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ အသက်(၅၅)နှစ်အထက်ပြည်သူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ (ပရဟိတ)အသင်းအဖွဲ့ဝင်များ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ /အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ ်/တည်းခိုးခန်းမှ ဝန်ထမ်းများ၊ အကျဉ်း/ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးနှင့် မသန်စွမ်း၊ နာတာရှည်သူများ စုစုပေါင်း (၅၁၀၀)ဦးခန့် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်ထံမှသိရသည်။
မူမူ(ငွေဆောင်)