သာယာဝတီမြို့တွင် မြစ်မခရေတိုက်စားပြီးကမ်းပြိုကျမှုကြောင့် ပြိုလဲပျက်စီးနေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

သာယာဝတီ         အောက်တိုဘာ ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီကစံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် အောက်တိုဘာလ () ရက်နေ့တွင်ပြိုလဲပျက်စီးနေအိမ် (၃)လုံး၊ လူဦးရေ(၁၅၀)ဦးအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းကျပ်နှုန်းဖြင့် အိမ်ဆောက် ပစ္စည်းဖိုး(၃)သိန်းကျပ်၊ ဆန်ရိက္ခာထောက်ပံငွေ(၀၀)ကျပ်၊ စုစုပေါင်း (၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးကစ္စည်း (၁၆)မျိုးပါ(၃)အိမ်ထောင်စာတို့အား စံရွေး ကျေးရွာ အုပ်ချုပ်‌ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့‌ပေး အပ်ခဲ့ကြောင်း သာယာဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)

 

သန့်ဇော်(ပြန်/ဆက်)