ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီး

ဆိပ်ဖြူ     အောက်တိုဘာ     ၁၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်းစွာ ရွာသွန်ပြီးလေပြင်းများ တိုက်ခတ်ခြင်းကြောင့် ကျေးရွာသုံးရွာမှ လူနေအိမ်အချို့နှင့် စေတီတစ်ဆူ ထီးတော်မြေခခြင်း၊ ကျေးရွာမူလတန်းကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် အောက်တိုဘာလ (၁၅) ရက်နေ့နံနက်အစောပိုင်းက မိုးသည်ထန်းစွာရွာသွန်ပြီး လေပြင်းများ တိုက်ခတ်ခြင်းကြောင့် ရေပုတ်ကျေးရွာမှ လူနေအိမ်(၈)လုံး၊ အနောက်ကံတွင်း ကျေးရွာမှ လူနေအိမ် (၆)လုံး၊ သဖန်းတုံးကျေးရွာမှ လူနေအိမ်(၃)လုံး အိမ်အမိုးလန် စုစုပေါင်း နေအိမ်(၁၇)လုံး ပျက်စီးပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၁,၁၀၀,၀၀၀) ကျပ် ရေပုတ်ကျေးရွာ  မူလတန်း ကျောင်းမှ အခန်း(၇)ပေ (၁၄)ခန်း အမိုးနှင့် ကျောင်ဆောင်မျက်နှာကျက်များ ပျက်စီးခဲ့ပြီး ရေပုတ်ကျေးရွာရှိ  ဉာဏ်တော် (၂၇) တောင်အမြင့်ရှိ  ဓမ္မပါလသိန္ဒိရှင် စေတီတော်မှ ထီးတော်မြေခ သွားခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်းသိရှိရသည်။

ကိုဇွဲ    (အညာမြေ)