ဖလမ်း အောက်တိုဘာ ၁၆
ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်း အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း တက်ရောက်မည့် ကျောင်းသားကျောင်းသူစုစုပေါင်း(၃၂၃၇)ဦးကို ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ပထမအသုတ်(ပထမအကြိမ်)ထိုးနှံပေးရန်စာရင်းကောက်ယူလျာထား ကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ကျောင်းများပြန်ဖွင့်လှစ်ပါက ကျောင်းသား/သူများကို ဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ချင်းပြည်နယ်၊ ဖလမ်းခရိုင် အတွင်းရှိ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံြမို့နယ်များတွင် အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား(၁၄၅၀)ဦးနှင့်ကျောင်းသူ(၁၇၈၇)ဦး စုစုပေါင်း (၃၂၃၇)ဦးကို ကိုဗစ်-၁၉ကာ ကွယ်ဆေး ပထမအသုတ်(ပထမအကြိမ်)ထိုးနှံပေးရန် အောက်တိုဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင်လျာထားစာရင်းကောက်ယူကြောင်း မြို့နယ်ပညာရေးမှူး ရုံးတာဝန်ရှိသူများ ထံသိရသည်။
ဖလမ်းခရိုင်အတွင်း အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့တက်ရောက်သည့်ကျောင်း အသီးသီးသို့ မိဘအုပ်ထိန်းသူများကိုယ်တိုင်လက်မှတ်ရေးထိုး စာရင်းပေးသွင်းရန် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ကိုရှိန်း