ကိုဗစ်-၁၉ ရောဂါ ကာလများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်‌နေကြသော စေတနာ့ဝန်ထမ်း (၁၂) ဦးအတွက် စက်သုံးဆီနှင့် စားစရိတ်များ ထောက်ပံ့ပေးအပ်

သာပေါင်း အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊   ပုသိမ်ခရိုင်၊    သာပေါင်းမြို့နယ်တွင်    ကိုဗစ်-၁၉ ရောဂါ   ကာလအတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသော လူမှုဂရုဏာအဖွဲ့၊ လူငယ်ကွန်ယက်အဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ စေတနာဝန်ထမ်း(၁၂)ဦးတို့အတွက် စက်သုံးဆီနှင့်စားစရိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး‌ဇော်ဝင်းအောင်နှင့် လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်တို့က လူမှုဂရုဏာအဖွဲ့၊ လူငယ်ကွန်ယက်အဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ စေတနာ့ဝန်ထမ်း (၁၂) ဦးတို့အား တစ်ရက် လျှင်    စက်သုံးဆီဖိုး (၁၀၀၀) ကျပ်၊ စားစရိတ် (၃၀၀၀) ကျပ်စီဖြင့် ရက်(၃၀)အတွက် စုစုပေါင်း (၁,၄၄၀,၀၀၀) ကျပ်နှင့်  လူနာတင်ယာဉ် (၁) စီး အတွက် စက်သုံးဆီ (၃၀) ရက် အတွက် (၁,၅၆၆,၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း