မြေပုံ၊ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၊ စည်ပင်သာယာမြို့မဈေးကြီး မီးဘေးလုံခြုံရေးအတွက် ဈေးမီးဘေး လုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့မဈေးကြီး၌ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးနှင့် အဖွဲ့ဝင်များ၊မြို့နယ် စည်/ပင် အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များအား မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးမှူး(တာဝန်)ဒုမီးသတ်ဦးစီးမှူး ဦးကျော်သန်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်းရှိ အရေးပေါ်မီးငြှိမ်းသတ်ရန် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးသတ်အပေါ့စား ရေစုပ်စက်တို့ကို စစ်ဆေးကြပြီးနောက် မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့် သင်ကြားခြင်းနှင့် ဈေးကော်မတီဝင်များ၊ဈေးသူ/ဈေးသားများပါဝင်ကာ မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ကြကြောင်းသိရှိရသည်။
တင်ဝင်း