သာပေါင်းမြို့နယ်တွင် ဘိုးဘွားများနေ့ အထိမ်းအမှတ်အဖြစ် အသက်(၁၀၆)နှစ်ရှိ အဘွား (၁) ဦး အား(၁)သိန်းကျပ်ချီးမြှင့်

သာပေါင်း       အောက်တိုဘာ    ၁၆

ဧရာဝတီတိုင်းဒေသကြီး၊   ပုသိမ်ခရိုင်၊   သာပေါင်းမြို့နယ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက    ဘိုးဘွားများနေ့ အထိမ်းအမှတ်အတွက်    ချီးမြှင့်ငွေ (၁) သိန်းကျပ်အား အသက် (၁၀၆) နှစ်ရှိ အဘွားဒေါ်ပုစိန် အားချီးမြှင့် ပေးအပ်ခဲ့သည်။

အောက်တိုဘာလ (၁) ရက်နေ့က ကျရောက်ခဲ့သော သက်ကြီးဘိုးဘွားများနေ့ အထိမ်းအမှတ် အတွက် ချီးမြှင့်ငွေ(၁)သိန်းကျပ်ကို သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ဗြန့်ကြီးကျေးရွာ တွင်  နေထိုင်နေသော အသက်(၁၀၆)နှစ်ရှိ အဘွား ဒေါ်ပုစိန်အား     လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်မှ  ကျုံဒဒွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းထံသို့   လွှဲပြောင်း ပေးအပ်ခဲ့ပြီး   ၎င်းမှဆက်လက်၍   အသက်(၁၀၆)နှစ်ရှိ အဘွားဒေါ်ပုစိန် ထံသို့သွားရောက် ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း