တပ်ကုန်း အောက်တိုဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ ဒေါက်တာ လှကြည် (အာဟာရဆရာဝန်ကြီး) ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်၊၊
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင် က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေ ချစ်မြတ် နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသိန်းဝင်းမြင့် (မြကျောက်အေးချမ်း)၊ ဦးမျိုးမြင့်(မြန်မာစာ) ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)၊ မမြသန္တာ(မြပုလဲ-တပ်ကုန်း)တို့က အစာစားသုံးခြင်းနှင့် နှီးနွယ်ဆက်စပ် ပတ်သက်နေသော ကင်ဆာရောဂါများ၊ ကင်ဆာဖြစ်သည့် အန္တရာယ်ကို များစေနိုင်သော မြန်မာ့ အစားအစာများ၊ ကင်ဆာရောဂါ ကာကွယ်ပေးနိုင်သော အစားအစာများ၊ ကင်ဆာရောဂါဝေဒနာရှင် များအတွက် အစားအသောက်စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်